ကုန်ပစ္စည်း ပြန်လဲလှယ်ခြင်းဆိုင်ရာ မူဝါဒ
ကျွန်ုပ်တို့အနေဖြင့် ဝယ်ယူအားပေးသူတိုင်း စိတ်ကျေနပ်မှုအပြည့်အဝ ရရှိစေဖို့ အလေးထားဆောင်ရွက်နေပါသည်။
အောက်ပါအခြေအနေများတွင် ကုန်ပစ္စည်းလဲလှယ်ခြင်းကို တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါသည်။
ပြန်လဲလှယ်နိုင်သော အခြေအနေများ
* မှာယူထားတာနဲ့ မတူညီတဲ့ ပစ္စည်းရောက်ရှိခြင်း - မှာထားတဲ့ ပစ္စည်းမဟုတ်ဘဲ တခြားပစ္စည်း ရောက်ရှိလာခြင်း။
* ပစ္စည်းပျက်စီးနေခြင်း သို့မဟုတ်
ချို့ယွင်းနေခြင်း - ကုန်ပစ္စည်း လက်ခံရရှိချိန်မှာ ပျက်စီးနေခြင်း၊
ကွဲအက်နေခြင်း ဒါမှမဟုတ် သုံးမရအောင် ချို့ယွင်းနေခြင်း။
* သက်တမ်းကုန်ဆုံးနေခြင်း (Expired Date) - ကုန်ပစ္စည်းရဲ့ သက်တမ်းကုန်ဆုံးရက် ကျော်လွန်နေခြင်း။
အရေးကြီးသောအချက် - ကုန်ပစ္စည်း စစ်ဆေးခြင်း။
ကုန်ပစ္စည်းကို လက်ခံရရှိသည်နှင့် ချက်ချင်း စစ်ဆေးပေးဖို့ မေတ္တာရပ်ခံပါသည်။
အထက်တွင် ဖော်ပြထားသော ပြန်လဲလှယ်နိုင်သည့်အခြေအနေတွေ (မှာထားတာနဲ့ မတူခြင်း၊ ပျက်စီးခြင်း၊ သက်တမ်းလွန်ခြင်းစသည့်) ရှိ၊ မရှိကို လက်ခံရရှိချိန်တွင် သေချာစွာ ဂရုတစိုက် စစ်ဆေးသင့်ပါသည်။ မစစ်ဆေးဘဲ လက်ခံထားရှိသည် သို့မဟုတ် နောက်မှစစ်ဆေးတွေ့ရှိတာတွေအတွက် ကျွန်ုပ်တို့ဘက်က တာဝန်ယူပေးနိုင်မှာ မဟုတ်ဘဲ ဝယ်ယူသူရဲ့ တာဝန်သာ ဖြစ်ကြောင်း အသိပေးလိုပါသည်။
ပို့ဆောင်ခ (Delivery Charges)
* အထက်ဖော်ပြပါ "ပြန်လဲလှယ်နိုင်တဲ့
အခြေအနေများ" (ကျွန်ုပ်တို့ဘက်က တာဝန်ယူရတဲ့ အခြေအနေတွေ) ကြောင့်
ကုန်ပစ္စည်းလဲလှယ်တာဆိုရင် ပို့ဆောင်ခကို ကျွန်ုပ်တို့ဘက်ကပဲ ကျခံပါမည်။
* တခြားအကြောင်းပြချက်များ - ဝယ်ယူသူ၏ လိုအပ်ချက်ကြောင့် ကုန်ပစ္စည်းလဲလှယ်တာကို
လက်ခံပေးရမယ်ဆိုရင် ပို့ဆောင်ခကို ဝယ်ယူသူဘက်က ကျခံပေးရပါမည်။
ဒီမူဝါဒက ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ပိုပြီး ကောင်းမွန်အောင် ကူညီပေးနိုင်ဖို့ ရည်ရွယ်ပါသည်။ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။